Sunday, 6 January 2019

Home » » စစ်ကိုင်းတိုင်းတရားသူကြီးချုပ်၏သား မောင်းနှင်သည့်ကားကြောင့် ယာဉ်တိုက်သေဆုံးမှုဖြစ်စဉ်အား ဥပဒေအရအရေးယူသွားမည်ဟုဆို

စစ်ကိုင်းတိုင်းတရားသူကြီးချုပ်၏သား မောင်းနှင်သည့်ကားကြောင့် ယာဉ်တိုက်သေဆုံးမှုဖြစ်စဉ်အား ဥပဒေအရအရေးယူသွားမည်ဟုဆို



Salai Benezer
ချင်းပြည်နယ် ဟားခါးမြို့တွင် ဒီဇင်ဘာ ၃၁ရက်နေ့တွင် စစ်ကိုင်းတိုင်းတရားသူကြီးချုပ်၏သား မောင်းနှင်သောကားတိုက်မှုကြောင့် ဘဏ်ဝန်ထမ်းအမျိုးသမီး သေဆုံးခဲ့ပြီး အဆိုပါဖြစ်စဉ်အား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ချင်းပြည်နယ် ဥပ​ဒေချုပ်မှပြောသည်။
“ခုဖြစ်တဲ့ယာဉ်တိုက်မှုက လူသေတဲ့ဖြစ်စဉ်ဆိုတော့ တရားဥပဒေအရအရေးယူကို ယူသွားမှာပါ၊ အရေးမယူလို့ လုံးဝမရပါဘူး၊ ဖြစ်စဉ်အသေးစိတ်ကတော့ ရုံးပိတ်ရက်ဖြစ်နေတာဆိုတော့ ကျွန်တော်လည်း သေချာတော့မသိသေးဘူး၊ တရားခံကို ကျွန်တော်ဖိတ်ထားတာလို့လည်းပြောနေကြတာ၊ ကျွန်တော်ဖိတ်ထားတာမဟုတ်ပါဘူး၊ အရာရှိတစ်ယောက်ကဖိတ်ထားတာပါ သူ့ကိုသိတောင်မသိပါဘူး” ဟု ချင်းပြည်နယ် ဥပ​ဒေချုပ်
ဦးဆန်နီထန်ကျုံးကပြောသည်။
ဖြစ်စဉ်အပြည်အစုံမှာ ၂၀၁၈ ဒီဇင်ဘာ ၃၁ရက်နေ့ညတွင် စိုင်းဝဏ္ဏအောင်ေ​မာင်းနှင်လာသည့်ကားသည် ဟားခါး-ဂန့်ဂေါလမ်းပေါ်ရှိ ကုန်းမြင့်လယ်ယာရုံးအလွန်တွင် လမ်းတစ်ဘက်တွင်ရှိနေသည့် ပြည်တော်သာရပ်ကွက်နေ မိုင်နှီအီယာန်း စီးလာသည့်ဆိုင်ကယ်ကို မျက်နှာချင်းဆိုင် သွားတိုက်ခဲ့ပြီး မိုင်နှီအီယာန်းမှာ ပေ၁၀၀ခန့်အကွာထိ ကားနဲ့ချိတ်ပါသွားခဲ့ပြီး မိုင်နှီအီယာန်းဟာ ဘယ်လက်ကျိုး ညာဘက်ခြေထောက်ကျိုးကာ မျက်နှာတစ်ခုလုံးပျက်စီးသွားတာကြောင့် ယင်းညမှာပင် မိုင်နှီအီယာန်းကို မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဦးနှောက်သွေးယိုမှုကြောင့် မိုင်နှီအီယာန်းမှာ ဇန်န၀ါရီလ ၃ ရက်နေ့ ည ၈နာရီတွင် မန္တလေးပြည်သူ့ဆေးရုံမှာပင် သေဆုံးသွားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး ဟားခါးမြို့ မြို့မရဲစခန်းမှ ဒုရဲအုပ် သိန်းသန်းဦးမှ “ဒီဖြစ်စဉ်ကတော့ အရင်ကဖွင့်ထားတာက အပြင်းအထန် နာကျင်ဒဏ်ရာရစေမှု ပုဒ်မ ၃၃၇/၃၃၈ နှင့် ဖွင့်ထားတာပါ၊ ဒီပုဒ်မက အာမခံရပါတယ်၊ ဒါပေမယ့် ခုက သေဆုံးသွားပြီဆိုတော့ ပုဒ်မ ၃၀၄ (က)အဖြစ်ပြောင်းသွားပီ၊ ဒီပုဒ်မကတော့ ဖမ်းကိုဖမ်းရတော့မှာပါ၊ ဖြစ်စဉ်အသေးစိတ်ကတော့ ခုထိ ဘာမှပြောလို့မရသေးဘူး”ဟု ဖြေကြားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် ယာဉ်မောင်းသူ ဦးစိုင်းဝဏ္ဏ​အောင်​မှာ အရက်အလွန်အကျွန်မူးနေခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ဖြစ်ချင်းတွင်လည်း သူ့ဘက်မှ အမှန်ဖြစ်ကြောင်းသာအော်ဟစ်နေခဲ့ကြောင်း၊ ယခုအချိန်တွင် မနှီအီယာန်းမှာ သေဆုံးသွားပြီဖြစ်သော်လည်း ဦးစိုင်းဝဏ္ဏမှာ အဖမ်းမခံရသေးသဖြင့် အမှန်ဆုံးဖမ်းစီးပေးရန် လူမှုကွန်ယက်တွင် ၀ိုင်းဝန်းရေးသားတောင်းဆိုကြကြောင်း သိရသည်။
သေဆုံးသူ မနှီအီယာန်းသည် ကလေးတက္ကသိုလ်မှ Chem အထူးပြုနဲ့ ဘွဲ့ရသူဖြစ်ပြီး ဟားခါး MEB ရုံး၌ C-4 ရာထူးတာဝန်ထမ်းဆောင်သူဖြစ်ကြောင်းသိရသည်။
Credit--Chinworld..

Share this games :

No comments: