Thursday, 20 December 2018

Home » » iPhone ထက် Android ဖုန်းကို ပိုပြီးရွေးချယ်သင့်တဲ့ အကြောင်းအရင်း (၁၀) ချက်

iPhone ထက် Android ဖုန်းကို ပိုပြီးရွေးချယ်သင့်တဲ့ အကြောင်းအရင်း (၁၀) ချက်


iPhone ဟာ အရည်အသွေးပိုင်းအရ အခုချိန်မှာ တခြား ဖုန်းအမျိုးအစား အမျိုးမျိုးထက် နာမည်ကောင်းရနေသလို Security ပိုင်းမှာလည်း ပိုမိုလုံခြုံပါတယ်။

ဒါပေမဲ့ နေ့စဉ်အသုံးပြုရမှတွေမှာတော့ ကုန်ကျစရိတ်မြင့်မားခြင်း၊ ပုံမှန်လွယ်လွယ်ကူကူ လုပ်လို့ရမယ့်ဟာတွေကို ခက်ခက်ခဲခဲပြုလုပ်နေရခြင်း စတဲ့ အလုပ်ရှုပ်နေတဲ့ စိတ်နှောင့်အယှက် ဖြစ်စေတာလေးတွေလည်း ရှိနေပါတယ်။ Android ဖုန်းတွေကတော့ ရိုးရှင်းလေ့ရှိပြီး အသုံးပြုရလွယ်ကူစေသလို ကုန်ကျစရိတ် သက်သာစေပါတယ်။

အခုတင်ပြလိုတာကတော့ Android ဖုန်းတွေက iPhone တွေထက်ပိုကောင်းတယ်လို့ ဆိုလိုတာမဟုတ်ဘဲ iPhone ထက် ဘယ်နေရာတွေမှာ ပိုပြီး အဆင်ပြေစေလဲ ဆိုတဲ့ အချက် (၁၀) ချက်ကို ထုတ်နှုတ်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။

၁။ အမျိုးမျိုးသော Design များကိုရွေးချယ်နိုင်ခြင်း

Android ဖုန်းတွေဝယ်ယူမယ်ဆို iOS ဖုန်းထက် မတူညီတဲ့ လုပ်ဆောင်ချက် Function တွေ၊ မတူညီတဲ့ မျက်နှာပြင် အရွယ်အစားတွေ၊ အမျိုးမျိုးသော Material တွေနဲ့ ဖုန်း Body တည်ဆောက်မှုတွေ၊ ကာလာမျိုးစုံနဲ့ အခြားသော Features တွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။


၂။ SD Card (Memory Card) ထည့်သွင်းနိုင်ခြင်း

iPhone တွေဟာ SD Card ထည့်သွင်းလို့မရပါဘူး။ ဒါပေမဲ့ Android ဖုန်းအများစုကတော့ SD Card ထည့်သွင်းနိုင်ပြီး ဖုန်းရဲ့ မူလ သိုလှောင်နိုင်မှု Memory အပြင် SD Card နဲ့ နောက်ထပ် 256 GB အထိ စသဖြင့် တိုးမြှင့်အသုံးပြုနိုင်ကြပါတယ်။

၃။ Sim Card အပို ထည့်သွင်းနိုင်ခြင်း

Sim ထည့်သွင်းနိုင်မှုမှာလည်း Android တွေဟာ အများအားဖြင့် ၂ ကဒ် အသုံးပြုနိုင်ကြပါတယ်။ ဆက်သွယ်ရေး အော်ပရေတာတွေ များလာတဲ့အခါ တစ်ချို့ အော်ပရေတာတွေဟာ အင်တာနက် အသုံးပြုရာမှာ ပိုကောင်းပြီး တစ်ချို့ အော်ပရေတာတွေက ဖုန်းပြောရတဲ့အခါ ပိုအဆင်ပြေသလို သက်သာတာမျိုး ကြုံလာတဲ့အခါ Sim ၂ ခုရှိတာက ပိုပြီး အဆင်ပြေစေပါတယ်။

၎။ App တွေ Download ဆွဲရာမှာ ကန့်သတ်ချက် နည်းခြင်း

Android ဖုန်းတွေမှာ App တွေကို ဘယ် Source ကမဆို Download ပြုလုပ်နိုင်ပြီး ကန့်သတ်ချက်တွေ သိပ်မရှိပါဘူး။ iPhone တွေကတော့ App store ကနေပဲပြုလုပ်နိုင်ကြပါတယ်။

၅။ သီချင်းတွေ ဗီဒီယိုတွေ Download လုပ်ရာမှာ လွယ်ကူခြင်း

သီချင်းတွေ ဗီဒီယိုတွေ download လုပ်ရာမှာလဲ iPhone ဟာ အခက်အခဲတွေရှိပြီး ကွန်ပြူတာကနေ တစ်ဆင့် download ပြုလုပ်ရသလို iTunes လို App ထဲမှာပဲ အသုံးပြုနိုင်ဖို့အတွက်တောင် ဝယ်ယူပြီးမှ ရနိုင်တာမျိုးတွေ ရှိနေတာပါ။

၆။ ဖိုင် share လုပ်ရာမှာ အဆင်ပြေခြင်း

သီချင်း ဗီဒီယိုတွေကို share လုပ်ပြီး အသုံးပြုရာမှာလဲ iPhone ဟာ အခက်အခဲတွေရှိနိုင်ပါတယ်။ တစ်ချို့ ကူးယူထားတဲ့ ဖိုင်တွေဟာ Gallery ထဲမှာ မပေါ်တာမျိုး အခက်အခဲတွေ ရှိပြီး ရှာရခက်သွားတတ်ပါတယ်။ Android ဖုန်းတွေကတော့ အလွယ်တကူ မတူညီတဲ့ ဖုန်းတွေကနေ ကူးယူ အသုံးပြုနိုင်ကြပါတယ်။

၇။ ဈေးနှုန်းသင့်တင့်ပြီး ဘက်စုံအသုံးပြုနိုင်ခြင်း

iPhone ဟာ ဈေးနှုန်းအားဖြင့်လည်း မြင့်ပြီး Android ဖုန်းတွေကတော့ iOS နီးနီး feature အစုံပါတဲ့ ဖုန်းတွေကို ထက်ဝက်ဈေးလောက်နဲ့ ရနိုင်ပါတယ်။

၈။ စိတ်ကြိုက် အပြင်အဆင်နဲ့ Home Screen ကို ပြောင်းလဲ အသုံးပြုနိုင်ခြင်း

Themes တွေပြောင်းသလို Launcher တွေထည့်ပြီး စိတ်ကြိုက် Home Screen ကို မွမ်းမံပြင်ဆင်နိုင်ပါတယ်။ Option ပိုင်းကို စိတ်သဘောရှိသလို ထားနိုင်တာပဲဖြစ်ပါတယ်။

၉။ Cacheတွေရှင်းရလွယ်ကူခြင်း

Cache တွေရှင်းတဲ့နေရာမှာလဲ Android ဟာ ပိုပြီးလွယ်ကူ ရိုးရှင်းစွာပြုလုပ်နိုင်ပြီး Dropbox လို App တွေကို အသုံးပြုနိုင်ပေမဲ့ iPhoneမှာတော့ နေရာလွတ် Space တွေပြန်ရဖို့ App ကို delete လုပ်ပြီး နောက်တစ်ကြိမ် ပြန်တင်ရတာမျိုးတွေ ရှိတတ်ပါတယ်။


၁၀။ ဆက်စပ်ပစ္စည်းတွေအတွက် ကုန်ကျစရိတ်နည်းခြင်း

Accessories ပစ္စည်းတွေ ဝယ်ယူအသုံးပြုရာမှာလဲ iPhone ရဲ့ ကာဗာက အစ အားသွင်းကြိုးတွေဟာ ဈေးနှုန်းမြင့်မားတတ်ပြီး ဈေးနှုန်း နိမ့်တဲ့ဟာတွေ ရှိခဲ့ရင်လည်း တန်ဖိုးများများပေးထားရတဲ့ ဖုန်းကို မထိခိုက်စေချင်တာကြောင့် ကောင်းတာကိုသာ ဝယ်ယူအသုံးပြုဖြစ်ကြကာ Android ဖုန်းတွေထက် ပိုပြီး ကုန်ကျစရိတ်ရှိနိုင်ပါတယ်။

မှုရင်းpostကို credit ​ပေးပါတယ်

​​​ Facebook page  ​ like ​​ ​ပေးပါ
Share this games :

No comments: