၁. နေရာလွတ်ပြည့်နေခြင်းများ
Storage 16GB လောက်ကို 500MB လောက်ပဲ ကျန်အောင် ပြွတ်သိပ်သွင်းထားမယ်ဆိုရင်တော့ သင့်ဖုန်းလေးလံလာမှာအမှန်ပါပဲဗျာ ဖုန်းထဲမှာ ရှိနေတဲ့ App cache တွေကလည်း နေရာအများကြီးယူပါတယ်။ ဒီတော့ အသုံးမလိုတဲ့ App တွေကိုဖျက်ပစ်ပါ။
Junk File တွေ Cache file တွေကို နေ့စဉ် ဖုန်းမှာ နဂိုပာဝင်တဲ့ Cleaner နဲ့ရှင်းလင်းပေးပါ။
၂. Live wallpaper
Live wallpaper တွေဟာ background မှာ အစဉ်အမြဲအလုပ်လုပ်နေတာဖြစ်တဲ့အတွက် Ram ထဲမှာ တစ်ချိန်လုံးနေရာယူထားပြီး ဘတ္တရီကိုလည်း အချိန်နဲ့အမျှစားသုံးနေပါတယ်။ဒီတော့ live wallpaper ကအမြဲတမ်း Ram ထဲမှာနေရာယူထားတဲ့အတွက် အခြား app တွေ ဖွင့်မယ်ဆိုရင် ဖုန်းကလိုအပ်တဲ့ Ram ပမာဏထက်ကိုပိုသုံးစွဲနေမှာဖြစ်ပါတယ် ဒီတော့ ဖြစ်နိုင်ရင် Live wallpaper အစား သာမန်Wallpaper လေးတစ်ခုတင်ထားတာက သင့်ဖုန်းကို ပိုမို သွက်လက်စေပါလိမ့်မယ်။
၃. Update လုပ်ပါ။
System ပဲ ဖြစ်ဖြစ် ၊ App တွေ ပဲ ဖြစ်ဖြစ် နောက်ဆုံးထွက် ဗားရှင်းကို update လုပ်ပေးပါ။update လုပ်ခြင်းဟာ စနစ်ရဲ့ယိုယွင်းနေတဲ့ နေရာတွေကို ပြင်ဆင်ပြီးသားဖြစ်တဲ့အပြင် ဘတ္ထရီစားနှုန်းနဲ့ Ram သုံးစွဲမှုနှုန်းကိုလည်းလျော့ကျစေပါတယ်။
၎. Cleaner နဲ Battery ဆော့ဝဲများ
နဂိုပါရှိတဲ့ Cleaner ကလွဲ ပြီး အခြား Cleaner တွေထပ်မထည့်ပါနဲ့
Third Parties software တွေဖြစ်တဲ့ DU cleaner တို့ DX Booster တို့ အစရှိတဲ့ဆော့ဝဲတွေဟာ ဖုန်းမြန်ဆန်စေတယ်လို့ကြေငြာထားပေမယ့်
တကယ်တမ်းမှာတော့ Background မှာ အမြဲတမ်းအလုပ်လုပ်နေတဲ့ဆော့ဝဲတွေ ဖြစ်တဲ့အတွက် ဖုန်းအားကုန်နှုန်းပိုမြန်လာမှာဖြစ်ပြီး Ram ပမာဏအချို့ကို နေရာယူထားတာကြောင့် ဖုန်းလည်း လေးလံလာပါလိမ့်မယ်။ Battery အားအမြန်ပြည့်တဲ့ဆော့ဝဲတွေဆိုတာလည်း
ဒီနည်းအတိုင်းတီထွင်ထားတဲ့ဆော့ဝဲတွေပါပဲ။ တကယ်လို့ ဖုန်းအားအမြန်ပြည့်ချင်ရင်တော့ ဘာဆော့ဝဲမှ မသုံးပဲ Flight mode ချပြီးတော့ screen off ထားကာ အားသွင်းထားပါ။
၅. Lite software
Lite sotfware တွေဟာ ဖုန်းထဲမှာနေရာအနည်းငယ်သာယူတဲ့အပြင် လုပ်ဆောင်နှုန်းအလွန်မြန်တဲ့ဆော့ဝဲတွေဖြစ်ကြပ်တယ်။
Facebook App သုံးတာက သင့်အတွက် Facebook ကိုရာနှုန်းပြည့် ခံစားနိုင်စွမ်းပေးစွမ်းနိုင်တယ်ဆိုပေမယ့်လည်း နေရာ အလွန်ယူတဲ့ဆော့ဝဲတစ်ခုပါ။
ဒီအစား Facebook lite သုံးမယ်ဆိုရင်တော့ storage နေရာယူမှု အလွန်လျော့ကျသွားမယ့်အပြင် Ram သုံးစွဲမှုလည်း နည်းပါးလာမှာဖြစ်ပြီး အင်တာနက်အသုံးစရိတ်လည်းလျော့ကျလာမှာဖြစ်ပါတယ် ။
မူရင်း >>>Creditပေးပါတယ်ခဗျ ။

No comments:
Post a Comment