2. Kevin Mitnick

3. Jacob Appelbaum

4. Cody Kretsinger

5. Robert Tappan Morris

Source: smashinglight
Unicode
1. Gary McKinnon
သူကတော့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ကွန်ပျူတာတွေကိုဝင်ဟတ်ပြီး “မင်းတို့လုံခြုံရေးက အလကားပဲ”လို့ဝင်ရေးခဲ့တဲ့သူပါ။ ၂၀၀၁၊ ၂၀၀၂လောက်တုန်းက အမေရိကန်စစ်တမ်နဲ့နာဆာရဲ့ ကွန်ပျူတာတွေကို လန်ဒန်ကနေဝင်ဟတ်ပြီး ဖိုင်တွေကိုဖျက်ကာ ပတ်စဝေါ့ဒ်တွေ ချိန်းခဲ့ပါတယ်။ 2002ခုနှစ်မှာပဲ အဖမ်းခံခဲ့ရပြီး လက်ရှိအချိန်မှာ ဗြိတိန်ထောင်ထဲရောက်နေပါတယ်။ အရမ်းကျွမ်းကျင်ပေမယ့် အရမ်းအန္တရာယ်ရှိတဲ့ ဟတ်ကာ တစ်ယောက်ဖြစ်တာကြောင့် အမေရိကန်က သူ့ကိုအခုအချိန်ထိလိုချင်နေပါတယ်။

Kevinကတော့ အခုလောလောဆယ်မှာ စီးပွားရေးလုပ်ငန်းတွေပဲလုပ်နေပါတယ်။ အရင်တုန်းကတော့ လုပ်ငန်းရှင်ကြီးတွေရဲ့ ဆိုက်ဘာလုံခြုံရေးကိုတာဝန်ယူပေးခဲ့တာဖြစ်ပါတယ်။ ၁၉၉၅တုန်းက တရားရေးဝန်ကြီးဌာနရဲ့ကွန်ပျူတာတွေကို ဝင်ရောက်ခဲ့လို့အဖမ်းခံခဲ့ရပါတယ်။ နူးကလီးယားဒုံးကျည်တွေကို သူတစ်ချက်လေချွန်ရုံနဲ့ ထိန်းချုပ်လို့ရတယ်လို့လည်း ဆိုခဲ့သူဖြစ်ပါတယ်။ လုပ်လို့ရမရတော့ မသိပေမယ့် ထောင်၅နှစ်ကျခံခဲ့ရပါတယ်။

နောက်ထပ် ဟတ်ကာတစ်ယောက်ကတော့နာမည်ကြီးတွေရဲ့ အရှုပ်တော်ပုံတွေကိုဖော်ထုတ်နေတဲ့ ဝီကီလိခ်ရဲ့ဟတ်ကာ Jacobပဲဖြစ်ပါတယ်။ သူဟာငယ်စဉ်က မိဘအရင်းတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရပြီး နောက်ပိုင်းမှာတော့ဆေးစွဲနေတဲ့ ဖခင်နဲ့ ပြန်လည်နေထိုင်ခဲ့ရပါတယ်။ ဆိုးရွားလှတဲ့ကလေးအတွ့အကြုံကသူ့ကိုကွန်ပျူတာနယ်ပယ်ထဲတွန်းပို့ခဲ့ပါတယ်။ သူ့ကိုအများက အန္တာရယ်အရှိဆုံး ဟတ်ကာအဖြစ်သတ်မှတ်ထားဆဲဖြစ်ပါတယ်။

သူကတော့ LulzSecလို့ခေါ်တဲ့ ဟတ်ကာအဖွဲ့မှာပါဝင်ခဲ့တာဖြစ်ပြီး Sony Playstationကိုဟတ်တဲ့အမှုမှာပါဝင်ခဲ့ပါတယ်။ လူပေါင်း ၇၇သန်းရဲ့အချက်အလက်တွေကိုခိုးယူခဲ့ပေမယ့် အလွယ်တကူခိုးယူလို့ရကြောင်းပဲ ပြချင်ခဲ့တာကြောင့်ကြီးလေးတဲ့ ပြစ်ဒဏ်တော့ မကျခဲ့ပါဘူး။ ဒါပေမယ့် ထောင်ဒဏ်တစ်နှစ်တော့ကျခံခဲ့ပါတယ်။

သူကတော့ ဟတ်ကာတွေထဲမှာတော်တော်ကိုစောတဲ့အထဲက ဟတ်ကာလို့ပြောလို့ရပါတယ်။ ‘Morris Worm” လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကိုတီထွင်ခဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ ဗိုင်းရပ်စ်ဟာ ကွန်ပျူတာပေါင်း ၆၀၀၀လောက်ကိုထိခိုက်ခဲ့ပါတယ်။သူက အင်တာနက်အရွယ်အစားကိုတိုင်းတာချင်ခဲ့တာဖြစ်ပေမယ့် သူ့ဗိုင်းရပ်စ်ဟာ အလိုလျောက်အသစ်တွေထပ်မွေးတဲ့အတွက် ကွန်ပျူတာပေါင်းများစွာကူးစက်ခံခဲ့ရပါတယ်။ သူကတော့ ပြစ်ဒဏ်မကြီးမားပဲ စောင့်ကြည့်ခြင်းပဲခံခဲ့ရပါတယ်။

No comments:
Post a Comment