ျမန္မာအႏုပညာေလာကမွာေတာ့ ယခုေနာက္ပိုင္းမွာ ခပ္ၾကဲၾကဲသာ ေတြ႔ရတဲ့ သရုပ္ေဆာင္ မင္းရာဇာကေတာ့ လက္ရွိမွာ Line Walker 2 ဇာတ္ကားနဲ႔အတူ ပရိသတ္ေတြေရွ႔ကို ျပန္လည္ေရာက္ရွိလာျပီ ျဖစ္ပါတယ္။ ေယာက်ာ္းပီပီသသ ဆြဲေဆာင္မႈရွိတဲ့ မင္းသားမင္းရာဇာကေတာ့ ခႏၶာကိုယ္ေတာင့္ေျဖာင့္တာေၾကာင့္ Line Walker 2 ထဲမွာ Killer တေယာက္အေနနဲ႔ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ သူကေတာ့ ဒီဇာတ္ကားမွာ ပါဝင္ရတဲ့ သူ႔ရဲ့အေတြ႔အၾကံဳနဲ႔ ခံစားခ်က္ေလးေတြကို ေျပာၾကားသြားခဲ့ပါတယ္။
မင္းရာဇာကေတာ့ ဆယ္လီရပ္ကြက္နဲ႔ အင္တာဗ်ဴးတြင္ Line Walker 2 မွာ ပါဝင္ခြင့္ရတဲ့ အခန္းနဲ႔ ပတ္သက္ျပီး “ကြ်န္ေတာ္က Killer ပါပဲ။ ဆူးေလလမ္းမၾကီးေပၚမွာ ကားေတြဘာေတြ ဗံုးကြဲသြားတယ္ဆိုတာက ကိုယ့္လက္ခ်က္ေတြပဲ။ ေလာင္ခ်ာနဲ႔ ပစ္တဲ့အခန္းေပါ့။ ကာရိုက္တာထဲမွာေတာ့ မပါပါဘူး။ အဓိကကေတာ့ ေနာက္ကေနလိုက္ပစ္တာေပါ့။ သူတို႔လူေတြ မ်ိဳးစံုေရြးပါတယ္။ က်န္တဲ့သူေတြကေတာ့ ဘယ္လိုအေၾကာင္းေၾကာင့္ မပါလဲဆိုတာကိုေတာ့ မသိဘူးေလေနာ့္။ အခက္ခဲေတြကေတာ့မ်ားတယ္။ ဒါကေတာ့ ျပည္ပဇာတ္လမ္းမွာ ပထမဆံုးဝင္ရိုက္တာဆိုေတာ့ အေတြ႔အၾကံဳေတြလည္း ရပါတယ္”
သူတို႔ဇာတ္လမ္းမွာ သံုးတဲ့ ေသနတ္ေတြနဲ႔ ပတ္သက္ျပီး “သူတု႔ိေသနတ္ေတြက အရမ္းမိုက္ပါတယ္။ သူတို႔ကေတာ့ Movie Gun လို႔ေခၚတာေပ့ါ။ က်ည္အစစ္ေတြ မဟုတ္ပါဘူး။ ရုပ္ရွင္ရိုက္ဖု႔ိပဲ သီးသန္႔လုပ္ထားတာပါ။ အျပင္မွာသံုးလို႔ရတဲ့ ေသနတ္ေတြမဟုတ္ပါဘူး။ ပါဝါထြက္တယ္။ မီးခိုးထြက္တယ္။ တကယ့္ကို စည္းစနစ္က်က်ကို လုပ္ထားတာပါ”
ဒီဇာတ္ကားမွာ ပါဝင္ရတဲ့ ခံစားခ်က္နဲ႔ ပတ္သက္ျပီး “ဒီလိုကားမ်ိဳးေတြက အကိုရဲ့အိမ္မက္ေတြပါပဲ။ ဒီအိမ္မက္ေတြက ျမန္ျမန္ဆန္ဆန္နဲ႔ တကယ္ျဖစ္လာပါတယ္။ သူတို႔ေရြးခ်ယ္တာက နာမည္ၾကီးတာ မၾကီးတာနဲ႔ မဆိုင္ဘူး။ ရုပ္ေခ်ာတာမေခ်ာတာနဲ႔ မဆိုင္ဘူး။ သူတို႔လိုခ်င္တဲ့ ကာရိုက္တာဝင္ျပီး သူတို႔ေျပာတာလုပ္ႏိုင္တယ္ဆို ဝင္ျပီပဲ။ အကို႔ပံုစံကလည္း သူတို႔ေရြးခ်ယ္ထားတဲ့ ဇာတ္နဲ႔ သူတို႔ိကိုင္ခိုင္းတဲ့ လက္နက္နဲ႔ကလည္း လိုက္လို႔ေရြးခ်ယ္လိုက္တာေပါ့။ ကိုယ္ဘာေကာင္လည္းဆိုတာကေတာ့ သူတို႔လည္း မသိဘူးေလ။ လူကိုျမင္ျပီးေတာ့ပဲ ေရြးခ်ယ္ျဖစ္သြားတာပါ”
ဗီဒီယိုျကည့္ရန္
Credit: ပဲခူးဆား ၊ လွေတာသား
- Unicode
မြန်မာအနုပညာလောကမှာတော့ ယခုနောက်ပိုင်းမှာ ခပ်ကြဲကြဲသာ တွေ့ရတဲ့ သရုပ်ဆောင် မင်းရာဇာကတော့ လက်ရှိမှာ Line Walker 2 ဇာတ်ကားနဲ့အတူ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ယောကျာ်းပီပီသသ ဆွဲဆောင်မှုရှိတဲ့ မင်းသားမင်းရာဇာကတော့ ခန္ဓာကိုယ်တောင့်ဖြောင့်တာကြောင့် Line Walker 2 ထဲမှာ Killer တယောက်အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ သူကတော့ ဒီဇာတ်ကားမှာ ပါဝင်ရတဲ့ သူ့ရဲ့အတွေ့အကြုံနဲ့ ခံစားချက်လေးတွေကို ပြောကြားသွားခဲ့ပါတယ်။
မင်းရာဇာကတော့ ဆယ်လီရပ်ကွက်နဲ့ အင်တာဗျူးတွင် Line Walker 2 မှာ ပါဝင်ခွင့်ရတဲ့ အခန်းနဲ့ ပတ်သက်ပြီး “ကျွန်တော်က Killer ပါပဲ။ ဆူးလေလမ်းမကြီးပေါ်မှာ ကားတွေဘာတွေ ဗုံးကွဲသွားတယ်ဆိုတာက ကိုယ့်လက်ချက်တွေပဲ။ လောင်ချာနဲ့ ပစ်တဲ့အခန်းပေါ့။ ကာရိုက်တာထဲမှာတော့ မပါပါဘူး။ အဓိကကတော့ နောက်ကနေလိုက်ပစ်တာပေါ့။ သူတို့လူတွေ မျိုးစုံရွေးပါတယ်။ ကျန်တဲ့သူတွေကတော့ ဘယ်လိုအကြောင်းကြောင့် မပါလဲဆိုတာကိုတော့ မသိဘူးလေနော့်။ အခက်ခဲတွေကတော့များတယ်။ ဒါကတော့ ပြည်ပဇာတ်လမ်းမှာ ပထမဆုံးဝင်ရိုက်တာဆိုတော့ အတွေ့အကြုံတွေလည်း ရပါတယ်”
သူတို့ဇာတ်လမ်းမှာ သုံးတဲ့ သေနတ်တွေနဲ့ ပတ်သက်ပြီး “သူတု့ိသေနတ်တွေက အရမ်းမိုက်ပါတယ်။ သူတို့ကတော့ Movie Gun လို့ခေါ်တာပေ့ါ။ ကျည်အစစ်တွေ မဟုတ်ပါဘူး။ ရုပ်ရှင်ရိုက်ဖု့ိပဲ သီးသန့်လုပ်ထားတာပါ။ အပြင်မှာသုံးလို့ရတဲ့ သေနတ်တွေမဟုတ်ပါဘူး။ ပါဝါထွက်တယ်။ မီးခိုးထွက်တယ်။ တကယ့်ကို စည်းစနစ်ကျကျကို လုပ်ထားတာပါ”
ဒီဇာတ်ကားမှာ ပါဝင်ရတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး “ဒီလိုကားမျိုးတွေက အကိုရဲ့အိမ်မက်တွေပါပဲ။ ဒီအိမ်မက်တွေက မြန်မြန်ဆန်ဆန်နဲ့ တကယ်ဖြစ်လာပါတယ်။ သူတို့ရွေးချယ်တာက နာမည်ကြီးတာ မကြီးတာနဲ့ မဆိုင်ဘူး။ ရုပ်ချောတာမချောတာနဲ့ မဆိုင်ဘူး။ သူတို့လိုချင်တဲ့ ကာရိုက်တာဝင်ပြီး သူတို့ပြောတာလုပ်နိုင်တယ်ဆို ဝင်ပြီပဲ။ အကို့ပုံစံကလည်း သူတို့ရွေးချယ်ထားတဲ့ ဇာတ်နဲ့ သူတို့ိကိုင်ခိုင်းတဲ့ လက်နက်နဲ့ကလည်း လိုက်လို့ရွေးချယ်လိုက်တာပေါ့။ ကိုယ်ဘာကောင်လည်းဆိုတာကတော့ သူတို့လည်း မသိဘူးလေ။ လူကိုမြင်ပြီးတော့ပဲ ရွေးချယ်ဖြစ်သွားတာပါ”
ဗီဒီယိုကြည့်ရန်
Credit: ပဲခူးဆား ၊ လှတောသား
No comments:
Post a Comment