Sunday, 13 January 2019

Home » »    

   



ဒီနှစ် ၂၀၁၉ အတွင်းမလေးရှားနိုင်ငံရှိဒုက္ခသည်များကို အမေရိက ကဘယ်လောက်ယူမယ်ဆိုတာကိုတော့
မနှစ်မှာတင်ပြခဲ့ပြီးဖြစ်ပါတယ်။
၂၀၁၉ အတွင်း အမေရိကနိုင်ငံကမလေးရှားရှိဒုက္ခသည်များယူမည့်အရေအတွက်သတ်မှတ်ချက်အရ လူဦးရေး ၃၀၀၀ ဖြစ်ပါတယ်။ပြီးတော့အမေရီကမဟုတ်တဲ့ဒုက္ခသည်များလက်ခံတဲ့နိုင်ငံများ- ဥပမာ Australia, New Zealand, Canada le Japan…စသည့်နိုင်ငံများမှ၂၀၁၉အတွင်းယူမည့်လူဦးရေမှာ ၅၀၀ သာဖြစ်ပါသည်။
ဒီလ ဇန်နဝါရီလအဆုံးပိုင်းအတွင်းအမေရိကသွားမယ့်အစီစဉ်စတင်တော့မှာဖြစ်ပြီးသွားရမယ့်ဒုက္ခသည် အရေးတွက်သည် ၁၀၅ ယောက်ဖြစ်ပါသည်။ထိုအရေတွက်ထဲ၌ ချင်းဒုက္ခသည် ၅၅ ယောက်ပါဝင်သောကြောင့် မိမိဖုန်းများကိုအစဉ်သတိထားပေးကြပါ။
ပြီးနောက်အမေရိကမဟုတ်တဲ့တတိယနိုင်ငံဖြစ်တဲ့ Australia နှင့် New Zealandဘက်ကိုသွားရမယ့်ဒုက္ခသည် ဦးရေးမှာ ၆၃ ယောက်ဖြစ်ပြီး (Australia ၃၃ ယောက် နှင့် New Zealand 30 ယောက်)ဖြစ်ပါတယ်။ ဒါပေမယ့် New Zealand သွားရမယ့်ဒုက္ခသည်များထဲတွင် ချင်းဒုက္ခသည်များမပါပါ။
ဒါပေမယ့် Australia ကိုသွားမယ် ဒုက္ခသည် အယောက် ၃၃ သည်အားလုံးချင်းဒုက္ခသည်များသာဖြစ်ပါတယ်။ ဒီစာရင်းသည် ဇန်နဝါရီလ နှင့် ဖေဖဝါရီ လအတွင်းသွားမယ့်စရင်းသာဖြစ်ပါတယ်။
မလေးရှားမှ ၂၀၁၉ အတွင်း တတိယနိုင်ငံသွားမယ့်စရင်း ၁၆၈ ယောက်ရှိပြီဆိုတဲ့သဘောဖြစ်ချင်းဒုက္ခသည်များ ထဲမှ ၈၈ ယောက်ပါဝင်နိုင်တယ်ဆိုလိုတာဖြစ်ပါတယ်။
ချင်းဒုက္ခသည်များအနေဖြင့်တတိယနိုင်ငံသွားမယ့်လူဦးရေနည်းဘက်ကိုရောက်နေပါသော်လည်းယခုချိန်ထိပုံမှန်ပါဝင်နိုင်သေးတဲ့အတွက်စိတ်ဓာတ်မကျပါနဲ့။

Share this games :

No comments: