Thursday, 13 December 2018

Home » » မိုး​အောင်​ရင်​ ထောင် (၁၇)နှစ်ကျသွားတဲ့အပေါ် စိတ်မကောင်းဖြစ်နေတဲ့ အနုပညာရှင်များ

မိုး​အောင်​ရင်​ ထောင် (၁၇)နှစ်ကျသွားတဲ့အပေါ် စိတ်မကောင်းဖြစ်နေတဲ့ အနုပညာရှင်များ



သရုပ်ဆောင် မိုးအောင်ရင်တစ်ယောက် မူးယစ်ဆေးဝါးအမှုနဲ့ ထောင် (၁၇) နှစ် ချမှတ်ခံရတာကြောင့် အနုပညာလောကသားတွေ အားလုံးက စိတ်မကောင်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ ချစ်ခင်ရတဲ့ အနုပညာရှင်တစ်ချို့ကလည်း မိုးအောင်ရင်ရဲ့အမှုနဲ့ပတ်သတ်ပြီး စိတ်မကောင်းဖြစ်တဲ့ ခံစားချက်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် မိုးအောင်ရင်အတွက် စိတ်မကောင်းဖြစ်နေကြတဲ့ အနုပညာရှင်တွေရဲ့ရင်တွင်းစကားသံတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် စံရတီမိုးမြင့်ကတော့ အကိုတစ်ယောက်လို ချစ်ရတဲ့ မိုးအောင်ရင် ထောင်ဒဏ်နှစ်အများကြီး ကျသွားတဲ့အပေါ်ကို ” ကွန်တိန်နာအလုံးလိုက်သယ်ရင် ပိုင်ရှင်မဲ့တဲ့အစ်ကိုရဲ့..လက်တစ်ဆုပ်စာလောက်ဆို ၁၇နှစ်တဲ့..ဘဝကြီးတစ်ခုလုံး ထောင်ထဲထည့် ဖျက်ဆီးလိုက်တဲ့ ဒီနိုင်ငံရဲ့တရားစီရင်ရေး.. ” ဆိုပြီး သူမရဲ့လူမှုကွန်ယက်ပေါ်မှာ စိတ်မကောင်းစွာ ရေးသားထားတာတွေ့ရပါတယ်။


သရုပ်ဆောင် မော်ဒယ်တစ်ဦးဖြစ်တဲ့ ဥက္ကာမင်းမောင်ကတော့ “မိုးအောင်ရင် အတွက် တကယ်စိတ်မကောင်းဘူး.. သနားပါတယ်.. သတင်းဖတ်ပြီး တကယ် ပါးစပ်အဟောင်းသားဖြစ်သွားတယ်.. လူငယ်တိုင်း အမှားလုပ်ဖူးကြတယ်.. သူ့အမှားအတွက် သူပြန်ပေးဆပ်လိုက်ရတာက အဆမတန်ပဲ.. ၁၂ နှစ်ဆိုတာ နည်းတာမှမဟုတ်ပဲ.. သူ့အတွက်ရော သူ့မိသားစုအတွက်ရော တကယ်စိတ်မကောင်းဘူး..” ဆိုပြီး မိုးအောင်ရင်အတွက် စိတ်မကောင်းစွာ ရေးသားထားတာတွေ့ရပါတယ်။

မင်းသမီးချောလေး မယ်လိုဒီကလည်း သူမရဲ့ခံစားချက်တစ်ချို့ကို ရင်ဖွင့်လာပါတယ်။ သူမကတော့ “ခုတလော ဝမ်းနည်းစရာတွေဘဲ ကြားနေရတယ် ဒီနေ့ပိုဆိုးတယ် လူငယ်တစ်ယောက်ရဲ့ဘဝ ဘယ်လိုမှပြင်ဆင်ချိန်မရတော့ဘူး​လေ

၁၀နှစ်ကျော်ဆိုတော့
” ဆိုပြီး ကြေကွဲစွာရေးသားထားတာပါ။


သရုပ်ဆောင် မိုးအောင်ရင်ကတော့ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က ပုဇွန်တောင် တရားရုံးကနေ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပြီး ဒီနေ့ မနက်ပိုင်းမှတော့ အရှေ့ပိုင်းခရိုင်တရားရုံးကနေ ထောင်ဒဏ် ၁၂ နှစ် ထပ်မံ ချမှတ်ခံခဲ့ရတာပါ။ ချစ်ပရိသတ်တွေလည်း ထောင်ဒဏ်နှစ်အများကြီး ချမှတ်ခံရတဲ့ မိုးအောင်ရင်အတွက် အားပေးစကားတွေ ဆိုခဲ့ကြပါဦးနော်။


Credit-Momolay
Share From welovecele

Share this games :

No comments: