Friday, 23 November 2018

Home » » May The Devil Take You (2018)

May The Devil Take You (2018)




Channel Myanmar ​သရဲကားတကားထပ်​မလာပြန်​ပါပြီ 

ဇတ်​ကား​လေးက​ကောင်း​နေ​တော့  Delete ပြန်​လုပ်​ကမှာ နှ​မျော လို့ လွယ်​လွယ်​ကူကူနဲ့

 download ဆဲ့လို့ရ​အောင်​ဖိုင်​ ဆိုက်​ 479 MB ကို uploadsပြန်​လုပ်​​ပေးထားပါတယ်..





အပြည့်​စုံကို​အောက်​မှာပဲဆက်​ဖတ်​လိုက်​ပါ..




Demon ဆိုတဲ့ မိစ္ဆာတွေအကြောင်းရိုက်တဲ့ ကားတော်တော်များများ ကြည့်ဖူးကြမှာပါ



ကျွန်တော်သိသလောက်ပြောရ ရင် Conjuring Universe ရှိမယ်



The Nun ရှိမယ် 2015 ကရိုက်ထားတဲ့ Poltergeist ဆိုတဲ့ကားလဲရှိမယ်



ဒါပေမယ့် ဒီကားတွေတော်တော်များများ သူ့ဟာနဲ့ သူတော့ ကောင်းကြပေမယ့်



Demon ဆိုတဲ့ သရုပ်ကိုတော့ ပီပြင်အောင်မပြနိုင်ဘူး ထင်မိပါတယ်



အခုကျွန်တော် review ရေးတဲ့ May The Devil Take You



မိစ္ဆာခေါ်ဆောင်ခြင်းခံရပါစေ ဆိုတဲ့ အင်ဒို ကားလေးကတော့



Demon ဇာတ်ရုပ်ကိုတော်တော်လေး အသားပေးဖော်ပြ ထားပါတယ်



နတ်ဆိုးတစ် ကောင်ရဲ့ ရုပ်လုံးရုပ်ထည် သူ့တန်ခိုးစွမ်းအား တွေကို သေချာမြင်ရမှာပါ



ဇာတ်လမ်း အစမှာ လတ်စမန် ဆိုတဲ့ လူတစ် ယောက်က နတ်ဆိုးတစ်ကောင်ကို



အနက်ရောင်သီလရှင်ဆိုတဲ့ ကိုယ်စားလှယ်



တစ်ယောက်အကူညီနဲ့ ဆင့်ခေါ်ခဲ့ပါတယ်



ပြီးတော့ အပေးအယူတစ်ခု လုပ်ခဲ့ပါတယ် ဒါပေမယ့်



နတ်ဆိုးဆိုတဲ့အမျိုးက သူ့ဘက် ကတစ်ဗန်းမသာပဲ



အပေးအယူမလုပ်တတ် ဘူးဆိုတာ သိတဲ့သူတွေသိကြမှာပါ ဒီလိုနဲ့



လတ်စမန်ကအရမ်းအောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်လာတယ်



ပြီးတော့သူ့အရင် ဇနီးမယားနဲ့ သမီးလေးကို ပစ်ပြီး



နာမည်ကြီးရုပ်ရှင်မင်းသမီးဟောင်း တစ်ဦးနဲ့ လက်ထပ်ခဲ့တယ်



သိပ်မကြာပါဘူး ရုတ်ချည်းလက်ထဲရောက်လာတဲ့အောင်မြင်မှု က



တစ္ဆေတစ်ကောင် လာရောက်ခိုးယူသွား သလိုပဲ



ရုတ်ချည်းဆိုသလိုဒေဝါလီခံရတဲ့ ဘဝပါရောက်သွားခဲ့တယ်



ဒီလိုနဲ့ လတ်စမန်လဲ သူအရင်နတ်ဆိုးနဲ့အပေးအယူ လုပ်တဲ့ အပန်းဖြေအိမ်ကိုပြန်သွားခဲ့တယ်



အဲ့နောက်ပိုင်း ဘာသံမှမကြားရပဲနဲ့ တစ်ကိုယ်လုံး



ကိုယ်အရေပြားရောဂါတွေစွဲ ကပ်နေတဲ့လတ်စမန်ကို အပန်းဖြေအိမ်နား မှာ



ရုပ်ပျက်ဆင်းပျက်နဲ့တွေ့ခဲ့ကြတယ် ဆေးရုံထက်က ကုတင်မှာမလှုပ်မယှက်



သတိလစ်နေတဲ့ လတ်စမန်တစ်ယောက် သူနတ်ဆိုးနဲ့ဘာတွေများ လုပ်ခဲ့တာလဲ



ဘယ်လို သူတော်စင်တွေခွင့်မလွှတ်နိုင်တဲ့အမှုကိုပြု ခဲ့တာလဲ ဆိုတာတော့သူ့



သမီးအရင်းလေးရော နောက်မယားသားသမီးတွေပါ ကံဆိုးစွာနဲ့



မသိခဲ့ကြပါဘူး ထိုကံဆိုးမှုရဲ့နောက်ကွယ်မှာ ဘယ်သူကကြိုးကိုင်နေတာလဲ



ဘယ်လိုရွံရှာစက်ဆုပ်ဖွယ်ရာ နာနာဘာဝ



ကလက်ဝါးကြီးအုပ်ထားတာလဲ ဆိုတာတော့



ကိုယ်တိုင်ပဲကြည့်ရှုခံစားမှ သိရမှာပါ



ဒီဇာတ်ကား rating က Rotten Tomatoes မှာ



80% ရထားတာအံ့သြစရာမရှိပါဘူး Jumpscare အများကြီးမပါပေမယ့်



သမားရိုးကျသရဲခြောက်မှုတွေက ကွဲထွက်ပြီး



အသွင်သစ်တစ်မျိုးနဲ့ horror ရသကိုခံစားရစေမှာပါ



ကျွန်တော့်အမြင်ပြောရ ရင် The Nun ကြီးကိုတောင်



ဒီသရဲကားလိုဖြစ်စေချင်တယ် Demon ဆိုတာ ဘယ်တော့မှ



ကိုယ်တိုင်ဝင်မပါတတ်ပါဘူး ပရလောကနယ်ပယ်မှာ သြဇာညောင်းနေတဲ့



ဝိညာဉ်ထိန်းတွေအနေနဲ့ သူတို့လက်အောင်က



တစ္ဆေသရဲ အသူရကယ်တွေကိုပဲ လက်ပါးစေခိုင်းတတ်ပါတယ်



Demon ကြီးရုပ်လုံးကိုအထင်းသားကြီးမပြထားပေမယ့် လို့



ရေးတရေးလေးနဲ့ညသံခေါင်မှာ ကြက်သီးထရလောက်အောင်



ကျောချမ်းစရာကောင်းပါတယ် IMDb မှာလဲ 6.9 ရထားတဲ့



သရဲကားဆိုတော့ ကြောက်ရွံ့ခြင်းတွေခြုံလှုံထားတဲ့ရသကိုခံစားချင်တဲ့



သူတွေအတွက် တကယ့်ကိုကြည့်သင့်တဲ့ကားပါ



ဒီ အင်ဒိုနီးရှား သရဲကားကို ဟိန်းသက်နိုင် က ဘာသာပြန်ပေးထားပြီး



အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်



http://www.solidfiles.com/v/r6G6XWKx7pKNK


Share this games :

No comments: