Rating 7.2 အထိရရှိထားတဲ့ ဒီဂျပန်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်….
အင်နူရာရှီကီ အီချီရိုဟာဆိုရင် အလုပ်မှာလဲအဆင်မပြေ၊
မိသားစုကိစ္စမှာလဲ အဆင်မပြေဘဲ ကံဆိုးနေရတဲ့သူတစ်ဦးပါ…
မိန်းမနဲ့သားသမီးတွေကလဲ သူ့ကိုနားလည်မပေးနိုင်ဘဲ အပြစ်ပဲမြင်နေသူပါ…
ဒါ့အပြင် ကင်ဆာရောဂါဆိုးကိုလဲခံစားနေရပြီး
ဆက်လက်ရှင်သန်နေထိုင်ဖိုရအချိန်ကလဲ သုံးလသာကျန်ပါတော့တယ်…
တစ်ညမှာတော့ သူ့ခွေးလေးကိုစွန့်ပစ်မယ်ဆိုပြီး ပန်းခြံတစ်ခုကိုရောက်လို့သွားခဲ့ပါတယ်
အဲ့မှာ မထင်မှတ်ပဲနဲ့ ကောင်းကင်ကနေအလင်းတန်းကြီးတစ်ခုထွက်ပေါ်ကျရောက်လာခဲ့ပြီး
သတိလစ်သွားပါတယ်…
သတိပြန်ရလာတဲ့အခါမှာတော့ သူဟာ အရင်ကလိုပျော့ညံ့တဲ့လူတစ်ယောက်အနေနဲ့
မဟုတ်တော့ဘဲ လူတစ်ပိုင်း၊ စက်ရုပ်တစ်ပိုင်းအသွင်ပြောင်းလဲသွားပြီး ကြံ့ခိုင်လာပါတော့တယ်…
သူ့လိုပဲ လုံးဝပြောင်းလဲသွားတဲ့သူနောက်တစ်ယောက်လဲထပ်ရှိပါသေးတယ်…
သူကတော့ အထက်တန်းကျောင်းသား ရှီရှီဂါမီဟီရိုပါ…
သူဟာလဲ မသာယာတဲ့ မိသားစုဘ၀မှာကြီးပြင်းလာခဲ့ရတဲ့
အထီးကျန်ဆန်နေရတဲ့လူငယ်လေးတစ်ယောက်ပါ…
သူတို့နှစ်ယောက်လုံးအတူတူ စက်ရုပ်တွေဖြစ်သွားပြီး
စွမ်းအားကြီးမားကြံ့ခိုင်လာကြပေမယ့် သူတို့တွေရဲ့စွမ်းအင်တွေကို အသုံးချပုံကတော့မတူညီပါ…
အင်နူရာရှီကီကတော့ သူ့ရဲ့စွမ်းအားနဲ့လူတွေကို ကယ်တင်ပြီး ပျော်နေပေမယ့်
ဟီရိုကတော့ လူတွေကို လိုက်လံသတ်ဖြတ်နေရတာကို ပျော်မွေ့နေသူပါ…
သူတို့နှစ်ယောက်ရင်ဆိုင်လာရတဲ့အခါ ဘယ်လိုတွေဖြစ်ကြမလဲဆိုတာ
ကြည့်လိုက်ရအောင်လား။။။
Translator ...... MiKi
Encoder ..... Moe Myint Lwin

Credit..www.channelmyanmar.org





No comments:
Post a Comment