Wednesday, 28 November 2018

Home » » ပံုပ်က္ျပီးအရင္လိုမလွေတာ့တဲ့ ဇနီးသည္ကို အခ်စ္မေလ်ာ့တဲ့ သစၥာရွင္ ဂ်ိမ္းစ္ဘြန္းမင္းသားၾကီး……

ပံုပ်က္ျပီးအရင္လိုမလွေတာ့တဲ့ ဇနီးသည္ကို အခ်စ္မေလ်ာ့တဲ့ သစၥာရွင္ ဂ်ိမ္းစ္ဘြန္းမင္းသားၾကီး……



 တီဗီထဲမွာေတာ့ သူဟာ မိန္းမေခ်ာေေလးေတြအမ်ားၾကီးနဲ႔ တြဲဖက္သရုပ္ေဆာင္ရတဲ့ ကမၻာေက်ာ္ ဂ်ိမ္းစ္ဘြန္းမင္းသားၾကီးျဖစ္ေစမယ့္ တကယ့္လက္ေတြ႔မွာေတာ့ သူဟာ “တစ္ေယာက္ဆိုတစ္ေယာက္ ပိေတာက္ဆိုပိေတာက္”ဆိုတဲ့ သစၥာရွင္ ေယာက်္ားေကာင္းတစ္ေယာက္ျဖစ္ပါတယ္။ ခုဆိုရင္ ကမၻာေက်ာ္ ဂ်ိမး္စ္ဘြန္းမင္းသားၾကီး Pierce Brosnan ဟာ သူ႔ရဲ႕ ခ်စ္လွစြာေသာဇနီးသည္ Keely Shaye Smith နဲ႔ (၂၅) ႏွစ္ေျမာက္ ႏွစ္ပတ္လည္ကို ၾကည္ႏူးစြာျဖတ္သန္းခဲ့ၾကပါတယ္။မငး္သားၾကီး Brosnan ဟာ သူ႔ရဲ႕ဇနီးသည္နဲ႔ပတ္သက္ျပီး ခ်စ္ေၾကာင္း၊ ၾကင္နာေၾကာင္းကို လူအမ်ားေရွ႕မွာ ထုတ္ျပဖုိ႔ဘယ္ေတာ့မွ ဝန္ေလးတတ္သူ မဟုတ္တဲ့အေလ်ာက္ သူတုိ႔ရဲ႕ စံုတြဲဓာတ္ပံုေလးေတြမွာလည္း Caption လွလွေလးေတြေရးျပီးတင္ေလ့ရွိသူျဖစ္ပါတယ္။
 မငး္သားၾကီး နဲ႔ သူ႔ရဲ႕ဇနီးသည္ Keely (TV ဂ်ာနယ္လစ္) တို႔ဟာဆိုရင္ ၁၉၉၄ ခုႏွစ္၊ Cabo San Lucas ပါတီမွာေတြ႔ဆံုခဲ့ၾကတာျဖစ္ပါတယ္။ Keely ဟာအလုပ္ကိစၥနဲ႔ ပါတီတစ္ခုကို တက္ေရာက္ခဲ့တာျဖစ္ျပီး သူတုိ႔ႏွစ္ေယာက္ဟာ အဲ့ဒီ့ပါတီမွာ စတင္ေတြ႕ဆံုခဲ့တာျဖစ္ပါတယ္။ (၇) ႏွစ္အၾကာ (၂၀၀၁) ခုႏွစ္မွာေတာ့သူတုိ႔ႏွစ္ေယာက္ဟာ ခ်စ္ၾကိဳးခိုင္မာေနျပီျဖစ္ပါတယ္။ သူတုိ႔ရဲ႕လက္ထပ္ပြဲကို Ireland ႏိုင္ငံက ႏွစ္ေပါငး္ (၇၈၅) ႏွစ္သက္တမ္းရွိတဲ့ Ballintubber Abbey မွာ က်င္းပခဲ့တာျဖစ္ပါတယ္။အိမ္ေထာင္သက္တမ္းတစ္ေလွ်ာက္လံုးမွာ ဘာအရႈပ္အေထြးမွမရွိပဲ သစၥာရွိစြာ လက္တြဲႏိုင္ခဲ့တဲ့ စံျပစံုတြဲလည္း ျဖစ္ပါတယ္။ အင္တာဗ်ဴးတစ္ခုမွာ ဂ်ိမ္းစ္ဘြန္းမင္းသားၾကီးကို ဇနီးသည္နဲ႔ပတ္သက္ျပီး အၾကိဳက္ဆံုးအရာကိုေမးခဲ့တဲ့အခါ “ကၽြန္ေတာ္ အၾကိဳက္ဆံုးကေတာ့ သူ႔ရဲ႕စိတ္အားထက္သန္မႈပါပဲ။ သူမဟာ စိတ္ဓာတ္ခြန္အား အရမး္ၾကီးတယ္ သူမ,မရွိပဲ ကၽြန္ေတာ္မေနႏိုင္ဘူး၊ သူမကၽြန္ေတာ့္ကို တစ္ခ်က္ၾကည့္လိုက္တာနဲ႔ ကၽြန္ေတာ္လံုးဝေမ်ာသြားတယ္” လို႔ေျဖခဲ့ပါတယ္။


 ဘယ္ေလာက္ပဲ ကမၻာေက်ာ္ဒိတ္ဒိတ္ၾကဲမင္းသားတစ္ေယာက္ျဖစ္ေနပါေစ၊ ေဘးမွာ မိန္းမလွေလးေတြဘယ္ေလာက္ပဲ ဝိုင္းေနပါေစ ကိုယ္ေရြးခ်ယ္ထားတဲ့၊ ကိုယ့္ေဘးနားမွာ ရွိေနေပးတဲ့ ဇနီးသည္အေပၚသစၥာရွိျပီး အခ်စ္ေတြ ေလ်ာ့မသြားတဲ့ မင္းသာၾကီး Pierce Brosnan လိုလူကိုေတာ့ ေယာက်္ားေလးတိုင္းအတုယူသင့္ပါတယ္…..။
credit-AuntyMay(Em Em)

 တီဗီထဲမှာတော့ သူဟာ မိန်းမချောေလေးတွေအများကြီးနဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့ ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းမင်းသားကြီးဖြစ်စေမယ့် တကယ့်လက်တွေ့မှာတော့ သူဟာ “တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်”ဆိုတဲ့ သစ္စာရှင် ယောကျ်ားကောင်းတစ်ယောက်ဖြစ်ပါတယ်။ ခုဆိုရင် ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းမင်းသားကြီး Pierce Brosnan ဟာ သူ့ရဲ့ ချစ်လှစွာသောဇနီးသည် Keely Shaye Smith နဲ့ (၂၅) နှစ်မြောက် နှစ်ပတ်လည်ကို ကြည်နူးစွာဖြတ်သန်းခဲ့ကြပါတယ်။မင်းသားကြီး Brosnan ဟာ သူ့ရဲ့ဇနီးသည်နဲ့ပတ်သက်ပြီး ချစ်ကြောင်း၊ ကြင်နာကြောင်းကို လူအများရှေ့မှာ ထုတ်ပြဖို့ဘယ်တော့မှ ဝန်လေးတတ်သူ မဟုတ်တဲ့အလျောက် သူတို့ရဲ့ စုံတွဲဓာတ်ပုံလေးတွေမှာလည်း Caption လှလှလေးတွေရေးပြီးတင်လေ့ရှိသူဖြစ်ပါတယ်။


 မင်းသားကြီး နဲ့ သူ့ရဲ့ဇနီးသည် Keely (TV ဂျာနယ်လစ်) တို့ဟာဆိုရင် ၁၉၉၄ ခုနှစ်၊ Cabo San Lucas ပါတီမှာတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ Keely ဟာအလုပ်ကိစ္စနဲ့ ပါတီတစ်ခုကို တက်ရောက်ခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်ဟာ အဲ့ဒီ့ပါတီမှာ စတင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ (၇) နှစ်အကြာ (၂၀၀၁) ခုနှစ်မှာတော့သူတို့နှစ်ယောက်ဟာ ချစ်ကြိုးခိုင်မာနေပြီဖြစ်ပါတယ်။ သူတို့ရဲ့လက်ထပ်ပွဲကို Ireland နိုင်ငံက နှစ်ပေါင်း (၇၈၅) နှစ်သက်တမ်းရှိတဲ့ Ballintubber Abbey မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။အိမ်ထောင်သက်တမ်းတစ်လျှောက်လုံးမှာ ဘာအရှုပ်အထွေးမှမရှိပဲ သစ္စာရှိစွာ လက်တွဲနိုင်ခဲ့တဲ့ စံပြစုံတွဲလည်း ဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ ဂျိမ်းစ်ဘွန်းမင်းသားကြီးကို ဇနီးသည်နဲ့ပတ်သက်ပြီး အကြိုက်ဆုံးအရာကိုမေးခဲ့တဲ့အခါ “ကျွန်တော် အကြိုက်ဆုံးကတော့ သူ့ရဲ့စိတ်အားထက်သန်မှုပါပဲ။ သူမဟာ စိတ်ဓာတ်ခွန်အား အရမ်းကြီးတယ် သူမ,မရှိပဲ ကျွန်တော်မနေနိုင်ဘူး၊ သူမကျွန်တော့်ကို တစ်ချက်ကြည့်လိုက်တာနဲ့ ကျွန်တော်လုံးဝမျောသွားတယ်” လို့ဖြေခဲ့ပါတယ်။ဘယ်လောက်ပဲ ကမ္ဘာကျော်ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဖြစ်နေပါစေ၊ ဘေးမှာ မိန်းမလှလေးတွေဘယ်လောက်ပဲ ဝိုင်းနေပါစေ ကိုယ်ရွေးချယ်ထားတဲ့၊ ကိုယ့်ဘေးနားမှာ ရှိနေပေးတဲ့ ဇနီးသည်အပေါ်သစ္စာရှိပြီး အချစ်တွေ လျော့မသွားတဲ့ မင်းသာကြီး Pierce Brosnan လိုလူကိုတော့ ယောကျ်ားလေးတိုင်းအတုယူသင့်ပါတယ်…..။credit-AuntyMay(Em Em)




Share this games :

No comments: