Sunday, 21 October 2018

Home » » မ​လေးရှားမှာ​နေထိုင်​သူ​တွေအတွက်​သတင်း​ကောင်းပါ..

မ​လေးရှားမှာ​နေထိုင်​သူ​တွေအတွက်​သတင်း​ကောင်းပါ..

Good news - သတင်းကောင်း မလေးရှား။ မြန်မာစာ နဲ့လည်း ရေးထားသည် ။
Malaysia ah refugees nasem te pen ki mat kihenna, gilbem koihna te kibawl nawnlo ding ci'n immigration zum pan Eadie Nor Faizal in gen khie tahi. Copy 
မလေးရှား (လ၀က) သည် ဒုက္ခသည်များအားဖမ်းဆီး/ထောင်ချခြင်းမပြု
**********************************************************************
မလေးရှား လူဝင်မှုကြီးကြပ်ရေးဋ္ဌာနမှ အလုပ်လုပ်ကိုင်နေသော ဒုက္ခသည်များအား လူသားခြင်းစာနာထောက်ထား သည့်အနေဖြင့် ဖမ်းဆီး/ထောင်ချခြင်း ပြုတော့မည်မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန ဒုညွှန်ကြားရေးမှူး Eadie Nor Faizal မှပြောဆိုခဲ့ပါသည်။

"ကျွန်တော်တို့မှာ ဒီ (ယူအင်ကဒ်) ကိုင်ဆောင်ထားသူများအား မည်သို့ကိုင်တွယ်ရမည် အကြောင်း တိကျသော လမ်းညွှန်ချက်မျိုးမရှိပါဘူး” ထိုအပြင် ဒုက္ခသည်များ အလုပ်လုပ်ကိုင်ခွင့်နှင့်ပတ်သက်ပြီး ကန့်သတ်ထားခြင်း မရှိပါကြောင်းလို့ဆိုပါတယ်။ အကယ်၍ (operations, investigation and prosecution) (အော်ပါရာဇီဖမ်းဆီးခြင်း၊ တားမြစ်စစ်ဆေးခြင်း၊ တရားရုံးတွင်စွဲချက်တင်ခြင်း) အချိန်မှာလည်း (ယူအင်ကဒ်) ကိုင်ဆောင်ထားသူများအား ပြန်လွှတ်ပေးပါတယ်။ လူ့အခွင့်ရေးကိုလည်း ကျွန်တော်တို့အပြည့်အ၀လေးစားကြောင်း (အောက်တိုဘာ ၁၇) ဗုဒ္ဓဟူး နေ့ Bar Council မှ ဦးဆောင်ကျင်းပသော National Consultation on Comprehensive Policy Framework for Refugees အစည်းအဝေးတွင်ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုက္ခသည်တွေအပေါ်အခွင့်ရေးယူတဲ့အလုပ်ရှင်တစ်ချို့လည်းရှိတဲ့အကြောင်း၊ အကြောင်းက ၄င်းတို့နှင့် မည်သည့်သဘောတူစာချုပ်မျှ ချုပ်ဆိုခြင်းမရှိဘဲ နေ့စားလစာမျိုးဖြင့်သာ ၂ ဦးကတိပြု အလုပ်လုပ်ကြခြင်းသာ ဖြစ်ကြောင်း ရှင်းပြပါသည်။

"အထက်ပါ ပြဿနာမျိုး၊ ကိစ္စမျိုးများအတွက် အတော်ခေါင်းကိုက်ရတယ်” "မကူညီဘဲဒီတိုင်းသာ ထားလိုက်ရင်လည်း ပြဿနာက ပြေလည်သွားမည် မဟုတ်ကြောင်း၊ ၄င်းတို့အား အချုပ်ထဲထည့်မယ်ဆိုရင်လည်းအခန်းမအား တော့ကြောင်း၊ ဒုက္ခသည်များ ကိုင်ဆောင်သည့် ယူအင်ကဒ်သည် အစစ်မှန်ဖြစ်လျှင် ပြန်လွတ်ပေးမှာဖြစ်ကြောင်း” ထပ်လောင်းပြောကြားခဲ့ပါသည်။ 
"ဒုက္ခသည်များလည်းလူသားတွေပါ။ သူတို့စားဝတ်နေရေးအတွက်၎င်း၊ မြန်မာနိုင်ငံမှာကျန်ခဲ့တဲ့ မိသားစုများ အတွက်၎င်း၊ ၀င်ငွေရှာဖွေနေရကြောင်း" နားလည်ထားပါသည်။ ဥပဒေအရလျှင် ဒီအရာတွေက ခွင့်ပြု၍မရကြောင်း ပြတ်ပြတ်သားသား ကိုင်တွယ်ရမှာ ဖြစ်ကြောင်း" ဆက်ပြောပါသည်။

သို့သော်လည်း လက်ရှိအစိုးရသစ်အနေဖြင့်လည်း လူသားချင်းစာနာထောက်ထားခြင်းရှုထောင့်မျိုးဖြင့်သာ ကိုင်တွယ်သွားရန်လိုအပ်ကြောင်းလည်း တိုက်တွန်းပါသည်။

မလေးရှားယူအင်အိတ်ခ်ျစီအာရ်တွင် ၂၀၁၈ စက်တင်ဘာလကုန်ထိ ဒုက္ခသည်နှင့်ခိုလှုံခွင့်လျှေက်ထားသူ စုစုပေါင်း ၁၆၁၄၅၄ ဦးမှတ်ပုံတင်ထားပြီး၊ ၉၀% မှာ မြန်မာနှင့်ရိုဟင်ဂျာဖြစ်ပြီး လူဦးရေအများဆုံးဖြစ်ပါသည်။

The Star Online
Credit 
18 October 2018 

ZO Daily Digest
မှ ကူးယူ​ဖော်​ပြခြင်းဖြစ်​ပါသည်




Share this games :

No comments: